- Details
-
Category: ပညာရေးသတင်း
-
Published on Tuesday, 14 February 2012 04:39
-
Written by ပေါ်ပြူလာဂျာနယ်
-
Hits: 1398
 |
| ဆေးတက္ကသိုလ်(၁) ရန်ကုန် |
ဆေးတက္ကသိုလ်ဝင်ခွင့် ကျား/မ အမှတ်ကို ပြန်လည်ပြင်ဆင်သွားရန် ရှိသည်ဟု နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
''ကျွန်တော်တို့တွေ ပြန်လည် ပြင်ဆင်သင့်ဖို့ အချိန်ကျ ပြီဆိုရင် ပြင်ဆင်ပေးသွားမှာပါ။ ဒီအတွက်လည်း အစီအစဉ်ရှိ ထားပြီးဖြစ်ပါတယ်''ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လက်ရှိ၌ အမျိုးသားနှင့် အမျိုးသမီးဟူ၍ ခွဲခြားထားကာ အမှတ် ၃ဝ နီးပါး ကွာဟထားမှုအား ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ ၄င်းတို့ ပြန်လည် ပြင်ဆင်သွားမည့် အမှတ်များကို ဆွေးနွေးဆဲပင် ရှိနေသေးသဖြင့် အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ရန်ကုန်တွင် ဆေးတက္က သိုလ်နှစ်ခု၊ မန္တလေးနှင့် မကွေးတို့ တွင်ဆေးတက္ကသိုလ် တစ်ခုစီရှိရာ နှစ်စဉ် ဝင်ခွင့်ရသူ ၂၄ဝဝ နီးပါးရှိနေပြီး အမျိုးသမီးအချို့မှာ အမှတ်အနည်းငယ် အကွာဖြင့် ဝါသနာပါသော်လည်း တက်ရောက်ခွင့် မရရှိခဲ့ကြပေ။
ဆေးတက္ကသိုလ်သို့ တက်ရောက် ခွင့်မရခဲ့သူ အမျိုးသမီးငယ်တစ်ဦး က ''သမီးက သုံးမှတ် ပဲလိုတယ်။ ငယ်ငယ်ကတည်းက ဆရာဝန်ပဲ ဖြစ်ချင်ခဲ့တာ။ ဒီ့အတွက် ခံစားရပါ တယ်''ဟု ဆိုသည်။ အမျိုးသား၊ အမျိုးသမီးတန်းတူ မထားဘဲ အမှတ်ခွဲခြားထားမှုကြောင့် ဂုဏ်ထူး ငါးဘာသာ ပါသူကျောင်းသူ နှင့် ဂုဏ်ထူးသုံးဘာသာပါသူ ကျောင်းသား ယှဉ်လိုက် ပါက ကျောင်းသူမှာ အမှတ်ကပ်ပြုတ်ကာ တက်ရောက်ခွင့် မရခဲ့သည့် ဖြစ်ရပ် မျိုးများလည်း ရှိခဲ့သည်ဟု ရန် ကုန်မြို့ပုဂ္ဂလိက ဆေးရုံတစ်ရုံမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
''ယောက်ျားလေးက အမှတ် ၄၆ဝ၊ မိန်းကလေးက အမှတ် ၄၉ဝ ဆိုတော့ ဒီမှာတင် အမှတ် ၃ဝ ကွာနေပြီ။ ဒီတော့ကာ နှစ်ဖက်ကို ယှဉ်လိုက်ရင် ယောက်ျားလေးက တအားကို သာနေတယ်။ မသကာ ငါး မှတ်၊ ဆယ်မှတ်ခွာထားရင် အဆင်မပြေဘူးလား။ အခုတော့ ဒီလိုမ ဟုတ်ဘဲ ယောက်ျားလေးက ဆေး ဝါသနာမပါဘူး။ မိဘက ဂုဏ်လိုချင် တော့ အတင်းတက်ခိုင်း၊ ကလေးက ဝါသနာ မပါတဲ့အတွက် ကျောင်းပြီးတော့ အခြားနယ်ပယ် ရောက်သွားရတယ်။ ဒီလို လူမျိုးတွေကို အရမ်း နှမြောမိတယ်။ ဒီလူတွေအစား ဝါသနာပါတဲ့ သူကိုသာ တက် ခိုင်းရရင် ဘယ်လောက်ကောင်းမလဲ လို့ အမြဲစဉ်းစားနေတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။
ဆေးပညာ ဝါသနာပါပြီး ဆေးကျောင်း မတက်ရသူများအ ဖို့ ကိုယ်မနှစ်သက်သည့် အသက် မွေးဝမ်းကျောင်း အလုပ်ထဲတွင် စိတ်မသက်သာစွာ ဝင်ရောက်လုပ် ကိုင်နေရသူ များရှိနေသော်လည်း ငွေကြေး အတန်အသင့်ရှိသူများ အဖို့ တရုတ်နိုင်ငံသို့ သွားရောက် ၍ ဆေးပညာတက်ရောက်သင်ကြား နေကြပြီဟု လက်ရှိ တရုတ်နိုင်ငံ ဆေးတက္ကသိုလ် တစ်ခု တွင် တက်ရောက်နေသူမြန်မာကျောင်း သားတစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။
ပေါ်ပြူလာဂျာနယ်
Powered by Bullraider.com