- Details
-
Category: ပညာရေးသတင်း
-
Published on Tuesday, 21 February 2012 13:07
-
Written by ပေါ်ပြူလာဂျာနယ်
-
Hits: 781

အခြေခံပညာအဆင့်ရှိ ဆရာ၊ဆရာမများ ကျူရှင်ပြခြင်းကို မကြာမီကန့်သတ် တားမြစ်သွားဖွယ်ရှိသည်ဟု ပညာရေး ဝန်ကြီးဌာနမှ ရရှိသောသတင်းများအရ အခြေခံကာ သိရသည်။ ဆရာ၊ဆရာမများ၏ လက်ရှိလစာ အနေအထားကို မူလထက် မြှင့်တင်ပေးသွားမည့် အစီအစဉ်၏ နောက်ဆက်တွဲ ဖြစ်သည်ဟု ဒုတိယဝန်ကြီးကလည်း ဆိုသည်။လာမည့် ဘဏ္ဍာနှစ်အတွင်း စတင်ဆောင်ရွက်နိုင်ဖွယ် ရှိနေသည့် နိုင်ငံတော်မှ လုပ်ခလစာ တိုးမြှင့်ပေးခြင်းများ အပါအဝင် အခြေခံပညာအဆင့်၌ ပြန်တမ်းဝင် အရာရှိ အဆင့်များကို ဦးရေတိုးခန့်ခြင်းများ၊ ထူးချွန်သည့် ကျောင်းအုပ်များအား အဆင့်တိုးပေးခြင်း စသည်တို့ကြောင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင် သည်ဟု ပညာရေးလေ့ လာနေသူ တစ်ဦးက သုံးသပ်သည်။
ဒုတိယဝန်ကြီး ဦးအေးကြူက ”ဆရာ၊ဆရာမတွေကို ဝန်ကြီးဌာနက ကြည့်ပေးနေတယ်။ ဒီတော့ သူတို့တွေက ကျောင်းသားကို ဖိဖိစီးစီး စာသင်ပေးဖို့ပဲ ရှိတော့တာပေါ့။ အရင်က လုပ်ခလစာနည်းလို့ အခု များသွားရင် ကျူရှင်ပြတာတွေ မ လုပ်ကြတော့နဲ့ပေါ့” ဟု ပြောသည်။ မူလတန်းအဆင့် ဆရာ၊ ဆရာမများ၏ လုပ်ခလစာမှာ တစ်လလျှင် ကျပ်ငါးသောင်း အောက်တွင်ရှိပြီး တစ်နေ့လျှင် ငွေကျပ် ၁၅ဝဝ ခန့်သာ ရှိသည့်အတွက် မလောက် ငကြောင်း ယင်းတို့ကြောင့် ထွက်ပေါက် အနေဖြင့် ကျူရှင်စနစ်မှာ ရှင်သန်ကြီးထွား နေရကြောင်း၊ ဖြစ်သင့်သည့် လစာအနေအထားမျိုး ရှိသွားမည်ဆိုပါက ကျူရှင် မှာ ကွယ် ပျောက်သွားနိုင်ကြောင်း အငြိမ်းစား ကျောင်းဆရာ တစ်ဦးကဆိုသည်။ ” ကွယ်ပျောက် သွားနိုင်မယ့် အနေအထား ပဲရှိမယ်။ လုံးလုံးပျောက်ကွယ် သွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအနေအထား ရောက်ရင်တော့ တော်တော်လေး မဆိုးဘူးပဲ။ ဝမ်းရေးအတွက် လုပ်နေရတာဖြစ်နေတဲ့ အတွက် နိုင်ငံတော်ပိုင်း က ဖြည့်ဆည်းပေးနေရင် သူတို့တွေရဲ့ ကျူရှင်က ကိုယ်ရှိန်သတ်သွားမယ်၊ ကျောင်းတွေမှာ အရင်ကထက် အားပိုထည့်လာ နိုင်တယ်။ ဒီအကျိုးတွေကတော့ သေချာပေါက်ရလာမယ်”ဟု ၄င်းကဆက်လက် ပြောဆိုသည်။
ပေါ်ပြူလာဂျာနယ်
Powered by Bullraider.com