ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂၅မြို့နယ် ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်

ကျောင်းပြင်ပ မူလတန်းပညာရေးရဲ့ သင်ကြား ရေးမြို့နယ်တွေကို လာမယ့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ မြို့နယ် ၂၅ ခုတွင် ထပ်မံ တိုးချဲ့သွားဖို့ စီစဉ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလို တိုးချဲ့မှုမှာ ယူနီဆက်က တာဝန်ယူပေးမယ့် မြို့နယ် ၅ မြို့နယ်နဲ့ တခြား အလှူရှင်တွေက တာဝန်ယူမယ့် မြို့နယ် ၂၀ ကို တိုးချဲ့မှာဖြစ်ပါတယ်။ ဒီလို တိုးချဲ့လိုက်တဲ့ အတွက် လာမယ့်နှစ်မှာ ကျောင်းပြင်ပ မူလ တန်းပညာရေးကို သင်ကြားပို့ချတဲ့ မြို့နယ် စုစုပေါင်းဟာ ၇၃ မြို့နယ် အထိရှိလာမှာ ဖြစ်ပါ တယ်။ ထပ်မံတိုးချဲ့မယ့် မြို့နယ်တွေဟာ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေက မြို့နယ်တွေမှာ ထပ်မံတိုးချဲ့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိ ပညာသင်နှစ်မှာ ကျောင်းပြင်ပ မူလတန်း ပညာရေးကျောင်းသား၊ ကျောင်းသူ ၇ထောင်ကျော်သာ ရှိသေးပြီး ထပ်မံတိုးချဲ့မယ့် မြို့နယ်တွေမှာ တက်ရောက်လာမယ့် ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်လာရင်တော့ စုစုပေါင်း ၁သောင်းကျော်အထိ ရှိလာနိုင်မှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ကျောင်းပြင်ပကလေးငယ်ဦးရေဟာ သန်းနဲ့ချီပြီး ရှိနေနိုင်တယ်လို့ ပညာရေးသုတေသီများက သုံးသပ်ကြပါတယ်။
Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238