ကရင်ပြည်နယ်တွင် မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ရှိ

အမေရိကန်နိုင်ငံ နာဆာမှ လွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုဟ်တုဖြင့် မင်းတုန်းမင်းလက်ထက်က တူးဖော်ခဲ့ကြသည့် မြန်မာ့အကြီးဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသတ၀ိုက်တွင် တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ရွှေကြောသည် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်နှစ်ရာကျော်ထိ ကုန်ဆုံးနိုင်ခြင်းမရှိဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစားပါမောက္ခ ဦးစိုးသိန်းက ပြောသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။

၎င်းရွှေကြောမှာ နေရာကြီးမားလွန်းသဖြင့် နေရာခြောက်ခု ခွဲပြီး Landast7  ကောင်းကင်ဂြိုဟ်တုဖြင့် ရိုက်ယူရကာ ကရင်ပြည်နယ် မဲဝိုင်ဒေသမှ ရွှေကြောသည် ရွှေကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကို ဖြတ်သွားပြီး ပင်လယ်ထဲတင် မြုပ်နေကာ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများအထိပင် ရောက်ရှိသည်ဟု ဆိုသည်။ ဟုတ်မဟုတ်တော့ နာဆာအဖွဲ့နှင့်် ပါမောက္ခ ဦးစိုးသိန်း တို့ကို ဆက်သွယ်မေးမြန်း ကြည့်ကြဖို့ လိုမည်။

ဦးစိုးသိန်းက "ဒီမဲဝိုင်၊ ရွှေကျင်၊ ကျောက်ကြီး ရွှေကြောကို သုတေသနပြုနေတာ အတော်ကြာပါပြီ၊ လိုအပ်တဲ့အချက်အလက်တွေနဲ့ နေရာဒေသအနေအထား၊ ရွှေထွက်ရှိမှု အခြေအနေတွေကတော့ ဒီ ၂၀၁၁ ခုနှစ်ကျမှ အတည်ပြု ပြောတာပါ" ဟု ရန်ကုန်တိုင်းမ်ဂျာနယ်ကို ပြောခဲ့သည်။ လက်ရှိ အဆိုပါ ရွှေကြောနေရာကို ပြည်တွင်း ကုမ္ပဏီဆယ်ခုက လုပ်ကိုင်ခွင့်ရရှိပြီး မျှောရွှေကို အဓိက လုပ်ကိုင်နေကြသည်။

ယခု ကြံခိုင်ဖွံ့ဖြိုးရေးအစိုးရနှင့် ကေအန်ယူအဖွဲ့တို့ ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုများ ရှိနေချိန်မှာ၊ ကရင်ပြည်နယ်တွင် ရွှေကြောကြီး တွေ့ရှိသည်ဟုသော နာဆာအဖွဲ့၏ အထူးသတင်းသည် နှစ်ဖက်စလုံးကို ရွှေလောဘတက်စေပြီး၊ ငြိမ်းချမ်းရေးအတွက် အကဲဆတ်မှုများ ရှိနိုင်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။

မြန်မာ့အကြီးမားဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသတ၀ိုက်တွင် တွေ့ရှိမှုပြ မြေပုံ

မူရင်း။ ရန်ကုန်တိုင်းမ် ဂျာနယ်

Powered by Bullraider.com
Robots also like to read your comments! ...yes, they have feelings too! ;)ဟုတ်မဟုတ်တော့ နာဆာအဖွဲ့နှင့်် ပါမောက္ခ ဦးစိုးသိန်း တို့ကို ဆက်သွယ်မေးမြန်း ကြည့်ကြဖို့ လိုမည်။ Moreover ask to actor Lwin Moe 'How much gain and lost ' accompanied with such consultant. | JSocial Comments by PloPixel