သင်္ဃန်းကျွန်း အမကကျောင်းအုပ် ဦးဌေးလွင်မှ ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်

၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။

ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ဃန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ဃန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။

ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမ
တစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။

ကျမ  မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊
နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။

“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။

ကလေးကို ရေ အရင်တိုက်ပြီးမှ ကြိုးဖြေပေးလိုက်ပါတယ်။ သူ့လက်တွေ အရမ်းနာနေပါတယ်။ ကြိုးက နိုင်လွန်ကြိုး နီဖြူ ကြားပါ။ ရှုပ်ယှပ်ခတ်နေအောင် ချည်ထားတာကြောင့် အချိန်အတော်ကြာမှ ပြေသွားပါတယ်။

ကျမ က နင်ကို ဘယ်သူဖမ်းတာလဲ ဘယ်သူကြိုးတုတ်တာလဲ မေးတော့၊ သားပြန်မယ် သားကြောက်တယ်ချည်း ပြောနေတယ်။ သားကို ကျောင်းအုပ်ဆရာကြီး လူနှစ်ယေက်နဲ့ ဖမ်းပြီး ကြိုးတုတ်ထားတာလို့ ပြောပါတယ်။ ကလေးကို နီးရာ ခုံအစိမ်းလေးမှာ ထိုင်ခိုင်းထားပါတယ်။

ကျမက ရေတောင်းယူခဲ့တဲ့ အခန်းသွားပြီး အစ်မ ကျောင်းအုပ်ဆရာကြီးက ဘယ်သူလဲလို့ မေးပါတယ်။ အဲဒီမှာ မိန်းမက ပန်းကန်ဆေးနေပြီး ယောင်္ကျားကအင်္ကျီ လဲနေတာကို ကျမ တွေ့ရပါတယ်။ ကျမ သူနဲ့တွေ့ပြီး ကလေးကို ပြန်ခေါ်တော့၊ အဲဒီမှာ ဦးလေးကြီးက “ငါ ကျောင်းဆရာအုပ်ပဲ၊ ငါ ဖမ်းတာ”လို့ ပြောပါတယ်။
“နင်က ဘာကကောင်မလို့ သူ့ကို ကြိုးကို ဖြေပေးတာရတာလဲ” လို့  ကျမကို ပြောပါတယ်။

ဆရာကြီးလုပ်ထားတာကြည့်ပါအုံး။ ကလေးကို တိရစ္ဆာန်တစ်ကောင်လို ကြိုးနဲ့ တုတ်ထား
စရာလားလို့ ပြန်ပြောတော့၊ သူက “နင်မောင်က မုန့် ခိုးစားတယ်” လို့ ပြောတော့ ကျမမောင်လေးက “ကျနော်
မခိုးစားဘူး ကျနော် မခိုးစားဘူး” လို့ ပြောပါတယ်။

ကျမမောင်လေးကို ပြန်ခေါ်သွားမယ်ဆိုတာ မထည့်ပေးဘူး။ ကျန်မတို့ မောင်နှမကို သူတို့ ခြိမ်းခြောက်ပါတယ်။ ကျမ ကို ၄ ချက် စွပ်စွဲပြီး ရဲစခန်းပို့မယ်လို့ ပြောပါတယ်။ (၁) ခွင့်မပြုဘဲ ကျောင်းထဲဝင်လို ၊ (၂) ရေဘူးကိုယူလို (၃) သူ့ကို ပြန်ပြောလို့၊ (၄) ကြိုးဖြေလို့ ဆိုပြီး ကျမကို ခြိမ်းခြောက်ပါတယ်။

ကျမက ကျောင်းထဲကို အောက်က ကလေးတစ်ယောက်ပို့လို့  ၀င်လာတာ၊ ရေဘူးက ကလေးအတွက် အရေးကြီးလို့ ခွင့်တောင်းပြီးယူတာလို့ သူကိုပြန်ပြောတာ၊ ဆရာကြီးမှန်းမသိလို့ ပြောမိတာပါ၊ ကြိုးဖြေပေးတာ ကလေး လက်တွေညောင်းပြီး လက်ကောက်ဝတ်တွေ နီရဲလို့ ဖြေပေးတာလို့ ကျမ ပြန်ရှင်းတာကို စားမလိုဝါးမလိုနဲ့ ဒေါသတကြီး ကြည့်နေပါတယ်။

“တကယ်လို့  ဒီကလေး ရေမသောက်ရလို့ စက္ကန့်ပိုင်းအတွင်း သေသွားရင် ဘယ်လို လုပ်မလဲ” လို့ မေးတော့ ငါသေအောင် မလုပ်ဘူးတဲ့ နင်ကိုလည်း သွားခွင့်မပြုဘူးတဲ့  အဲဒါဘယ်လိုလုပ်ပေးရမလဲ နင်စဉ်းစားတဲ့။

ကျမ မောင်လေး မျက်ဖြူလှန် ခွေယိုင်ပြီး ကြောက်နေတဲ့  ကျမတို့ မောင်နှမ ဆရာကြီးကို ထိုင်ကန်တော့ပြီး တောင်ပန်းခဲ့ပါတယ်။ အဲဒါကို သူက မကျေနပ်ဘဲ မိဘခေါ်ခဲ့၊ မိဘ လာမှ လွှတ်မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အောက်မှ ကျန်နေခဲ့တဲ့ ဟူစိန်ကို ကျမ အစ်ကိုကို သွားခေါ်လို့ ပြောလိုက်ပါတယ်။ အမေ မသိစေနဲ့လို့လည်း
ပြောလိုက်ပါတယ်။

တအောင့်နေတော့ အစ်ကို ရောက်လာတယ်။ ကျမ က “ကိုကြီး ကလေးကို သူတို့ ကြိုးတုတ်ဖမ်းထားတာ မုန့်ခိုးစားလို့တဲ့ ၊ မောင်လေးက မဟုတ်ဘူးပြောတယ်၊ ဘောလုံးကန်တာတဲ့” ဆိုပြီး ပြောပြလိုက်တယ်။

အဲဒီမှာ ဆရာကြီးက “နင့်မောင်ကို မိဘ ဘယ်မှနေလဲလို့  ငါမေးတယ်။ နင့်မောင်က မြောက်ဒဂုံလိုလို တောင်ဒဂုံလိုလို ဟိုလိုလို ဒီလိုလို ပြောနေတယ်” ဆိုတော့ ကျမက “ကလေးက မိဘသိမှာကို ကြောက်ပြီး ပြောတာပါ၊ ကျမတို့က ဒီနားမှ နေတာ အဲဒီ အဝေးကြီးကနေ ဒီကလေးလေးတွေ လာဆော့မလား” လို့ ပြန်ပြောလိုက်ပါတယ်။

ဘောလုံးကန်တဲ့ သူတွေထဲမှာ ကျမ မောင်လေး က ၁၂ နစ် အကြီးဆုံးပါ၊ ၈ နှစ် ၉ နှစ် ကလေးတွေလည်း ပါတယ်။ ဒီမှာလာဆော့တဲ့ ကလေးတွေအကုန်လုံးက ဒီသမာဓိရပ်ကွက်ထဲက ဆိုတာ လူတိုင်းသိတယ်။ အစ်ကိုကိုလည်း ဆရာကြီးက မင်းညီက ပုံမှန်ဟုတ်ဘူးတဲ့ မျက်လုံးတွေက စိတ်မှကောင်းရဲ့လား၊ ကလေးကို စိတ်မနှံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောပါတယ်။ ကလေးကလန့်ပြီး မျက်ဖြူလန်နေတာ။ အစ်ကိုကိုလည်း တောင်းပန်လိုက်အုံးပြောတော့ အစ်ကိုက ဆရာကြီးကို တောင်းပန်းပါတယ်။

ကျောင်းအုပ်ဆရာကြီးက ကျမတို့ လိပ်စာကိုတောင်းပြီး နောင်ဒီလို့ ဖြစ်ရင် မလွယ်ဘူးတဲ့  စခန်းပို့မယ်လို့ ထပ်ပြောတယ်။ ကလေးက ရဲစခန်းဆိုတဲ့ အသံကြားပြီး ကြောက်လန့် နေတယ်။ မကြီး တောင်းပန်လိုက် သားကြောက်တယ်လို့  ပြောပါတယ်။ ကျမတို့ တောင်းပန်းခဲ့ပြီး မောင်နှမတွေ ငိုယိုပြီးပြန်လာခဲ့ပါတယ်။

ကလေးက လမ်းမလျှောက်လို့ မရအောင် ပျော့ခွေနေတယ်။ လက်မှာလည်း ကြိုးအရာကြီးတွေ ထင်းနေတာ။ အစ်ကိုက ချီပြီး စက်ဘီးနဲ့ အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိဘ မသိအောင် အိပ်ခန်းထဲ ကုတင်ပေါ်မှာ လှဲခိုင်းထားရတယ်။

နောက် ၁၀ မိနစ်လောက် ကြာမှာ အဒေါ်( အမေ့ ညီမ ) ရောက်လာတယ်။ ကလေးက ခြေလက်တွေ အေးနေတယ်။ နင်တို့  ဆေးရုံတင်လို့ ပြောပါတယ်။ ငါ အဲဒီကျောင်းအုပ်ကြီးကို သွားတွေ့မယ်လို့ ပြောပါတယ်။ ဒေါ်ကြီးက ကလေးကို ဆေးရုံးအရင်တင်မယ်ဆိုပြီး ညနေ ၄ နာရီ ၁၀ မိနစ် လောက်မှပဲ ဆေးရုံ တင်လိုက်ပါတယ်။

အရေးပေါ် အခြေနေဖြစ်သွားပါတယ်။ ကလေးက နိုးလိုက် မေ့မျောသွားလိုက် ဆေးရုံမှာ ဖြစ်နေပါတယ်။ မျက်ဖြူလှန်ပြီး ခြေဖျား လက်ဖျားတွေ အေးနေတယ်။ သူသတိရတဲ့ အချိန်မှာ သားကြောက်တယ်ချည်းပဲ ပြောနေသည်။

“မောင်လေးကို ဘယ်သူ ကြိုးတုတ်ပြီးဖမ်းတာလဲ” လို့ မေးတော့

“သားကိုကျောင်းအုပ် ဆရာကြီးက ကျောင်းစောင့် ဦးလေးကြီး နစ်ယောက်ကို လွှတ်ပြီး ကျောင်းထဲမှာ ဘောလုံးကန်မယ်လို့ လိမ်ပြီးခေါ်တယ်။ သားတို့ အချင်းချင်း ကစားနေတာ သူတို့နှစ်ယောက် ၀င်ပါမယ်ဆိုပြီး ညှပ်ဖမ်းတာ ကျန်တဲ့ ကလေးလေးတွေကတော့ ထွက်ပြေးတယ်။ သားတို့ က ၉ နာရီခွဲလောက်က ကစားနေတာ၊ အိမ်ပြန်ကာနီး ၁၁ နာရီ ကျော်လောက်မှ ဖမ်းတာ”

အတူကစားတဲ့ ကလေးတစ်ယောက်က ပြောတယ်။ မကြီးမောင်ကို ကျောင်းကလူကြီးနှစ်ဦး ဖမ်းပြီး
အပေါ်ထပ် ခေါ်သွားတာ တွေ့လိုက်တယ်။ သားပုဆိုးကျန်ခဲ့လို့ သွားယူတော့ ကျောင်းအုပ်ကြီးက
သူ့ကို လက်သီးနဲ့ ထိုးနေတယ်။ ကြိမ်လုံးနဲ လည်း ရိုက်တာ တွေ့တယ်”

ကလေးတွေ ကျောင်းပိတ်ရက် လမ်းထဲမှာ ဘောလုံးကန်လို့ မရလို့၊အနီးနားက ကျောင်းနားမှာ ဘောလုံး သွားကစားတာပါ။ နားငြီးလို့ မကစားစေချင်ရင် ကောင်းကောင်းမွန်မွန် မဆုံးမဘဲ၊ အခုလို့ ရက်ရက်စက်စက်
ပြုလုပ်ခဲ့တာပါ။ ညဘက် ရဲစခန်းကိုသွားပြီး အကြောင်းကြားခဲ့ပါတယ်။

နောက်တနေ့  တနင်္ဂနွေနေ့မှာ အထက (၁) သင်္ဃန်ကျွန်းမှ ကျောင်းအုပ်ကြီး၊ မြို့ နယ်ပညာရေးမှူးကြီးနဲ့ 
ကြိုးတုတ်ပြီးရိုက်တဲ့ အမက (၂၀ ) ကျောင်းအုပ်ကြီးက မနက်ပိုင်းမှာ ကျမနဲ့ အဒေါ်ကို ခေါ်တွေ့ပါတယ်။ ပညာရေးမှူးရုံးကို အကြောင်းမကြားဘဲ ရဲစခန်းကို အကြောင်းကြားလို့ ဆူပါတယ်။

အဒေါ်ကတော့ ကျောင်းပိတ်ရက် ဖြစ်နေလို့ မလာတာလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးက
သူမလုပ်ဘူးလို့ ငြင်းပြီး ကျမတို့ကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ ကလေးကိုတော့
တနင်္လာနေ့ အထိ သင်္ကန်းကျွန်း စံပြဆေးရုံ ကလေးဆောင်မှာ ဆက်တင်ထားပါတယ်။

နှင်းပွင့်ဖြူ (သင်္ဃန်းကျွန်း)

Powered by Bullraider.com
Robots also like to read your comments! ...yes, they have feelings too! ;)အဖြစ်မှန်ဆိုရင်တော့ စိတ်ပျက်စရာပါ..။ so surprise to know this news, if it is true story I feel very sorry about kids. ဆရာကြီးတဲ့ဒါနဲ့များ ဘာတွေများကြီးနေလို့ဆရာကြီးဖြစ်နေလဲမသိဘူး ပုံမှန်ဦးနှောက်နဲ့တောင်အဲ့လောက်မလုပ်သင့်ဘူးဆိုတာ သိနိုင်တယ်.... ကလေးကိုနှိပ်စက်တာက တမှု့  ၊ ကြိုးတုပ်တာကတမှု့ ၊အုပ်ထိန်းသူကိုခြိမ်းခြောက်တာကတမှု့ ၊ ကလေးကဗုံးလာထောင်တယ်လို့ ပြောရအောင် ဒါက အာဖဂန်နိင်ငံလား ၊ အီရတ် လား ၊ အရူးချီးပန်းလျှောက်ပြောနေတယ် ၊ဒါမြန်မာနိုင်ငံ ကွ ၊ အဲဒိကောင်ကတော့ ရူးနေတာလား ၊ အလုပ်ပြုတ်မှာဆိုးလို့ လား ၊ သူတောင်းစား မင်းကသူတောင်းစားနဲ့ ပဲတန်တယ် ၊ကျောင်းအုပ်လုပ်မနေနဲ့  hi ယုတ်မာလိုက်ကျတာနော်...လူမဆန်လိုက်တာ.... အဲဒါကတော.လုံးဝမဖြစ်သင်.ဘူး...ဆုံးမတယ်ဆိုရင်လည်းကောင်းကောင်းမွန်မွန်ဆုံးမပေါ.သားသမီးချင်းကိုချင်းမစာတာလူမှဟုတ်ရဲ.လားး တကယ့် အဖြစ်မှန်ဆိုယင်တော့ နာသုံးနာ ထဲမှာ မပါတော့ တဲ့ ဆရာများ စာရင်းဝင်ဖြစ်သွားပြီ။ ( မှတ်ချက် ။ ။ ဆရာ တိုင်း ကို ရိုသေထိုက်သည် မဟုတ်ပါ။ ). ဒီလိုလူ မျိုးကို အရေးယူသင့်တယ်။ မယူရင် လူထူ့မှ သူ့ကို ဝိုင်းဆုန်းမကြပါ။. Teacher animal or animal teacher. wonderful teacher! Stupid teacher Pls inform to public adress of school n name of the headmaster of the school. ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ဃန်းကျွန်းမြို့နယ် နောက်ဆက်တွဲသတင်းလေးတင်ပေးပါအုံး..သေချာခိုင်လုံတယ်ဆိုရင်...ကျောင်းအုပ်ကစိတ်မူမမှန်တာဖြစ်ချင်ဖြစ်မယ်...သမားရိုးကျကတော့ ဆရာတစ်ယောက်အနေနဲ့ဒီလိုရက်ရက်စက်စက်လုပ်မှာမဟုတ်ပါဘူး..နောက်ဆက်တွဲသတင်းတင်ပေးပါ အမှန်အတိုင်းဖြစ်ရမှာပေါ့.....ဒါမျိုးက..လုံးဝမဖြစ်ရဘူး..ပညာရေးလောကမှာ...အဲဒီဆရာကြီးရဲ့နာမည်ဖော်ပြပေးပါ... မောင်ပြည့်စုံက အထက (၁) သင်္ကန်းကျွန်း ကျောင်းမှာ ပညာသင်ကြားနေတာပါ။ သတ္တမတန်း ( အိုင် ) ၊ အတန်းပိုင် ဆရာမ ဒေါ်သန်းသန်းအေး အခန်း ကပါ။ အခု ချိန်ထိ ( ဇန်န၀ါရီ ၁၈ ) စံပြဆေးရုံ ကလေးဆောင်မှာ တင်ထားဆဲပါ။ သတင်း မမှန်ရင် တိုင်တဲ့ မိသားစု အတွက် ဒုက္ခ အကြီးအကျယ်ရောက်နိုင်ပါတယ်။ ရဲ စခန်းမှာလည်း မောင်ပြည့်စုံရဲ့ အစ်ကို ၊ အစ်မ နှင့် ဘောလုံးကန်တဲ့ ကလေးတွေကို တရာခံလို စစ်ဆေးပါတယ်။ အမက (၂၀ ) ကျောင်းအုပ်ကြီး ဦးဌေးလွင် ကိုတော့ သီးသန့်  ခန်းမှာ အထူး ဧည့်သည် လို့ ထားပါတယ်။ ပြည်တွင်း ဂျာနယ်တချို့ က သတင်းထောက်များ လာရောက်မေးမြန်းလို့  မကြာခင် သတင်းများတွင် အပြည့်အစုံ ပါမည်လို့  ထင်ပါသည်။ ဧရာဝတီ ဘလောက် တွင်လည် ဖော်ပြထားလို့  သတင်းကို ပိုမို သိရှိရပါသည်။ စံပြ ဆေးရုံ (579890)၊ သင်္ကန်ကျွန်းရဲ စခန်း ( 562544, 562436 ) ၊ ဒုရဲအုပ် ဦးဇင်လင်းဟိန်း(၀၉၄၃၁၉၀၆၇၇ ) ပြည်စုံ ရဲ့  အဒေါ်ဖုန်း နံပါတ် - ၀၉၄၉၃၃၃၀၈၉ တို့ ကို ဖုန်းဆက်ပြီးလည်း မေးမြန်း နိုင်တယ် ။ ပ နံပတ် ( ၅၈ ) ၊ ပုဒ်မ ၃၄၂ ၊ ၃၂၅ ၊ ၁၁၄ နှင့် အမှု ဖွင့်ထားတယ်လို့ ဒုရဲအုပ် ဦးဇင်လင်းအောင် က ဆိုပါသည်။. Inform to human right and government , not believe police He shouldn't b a principle. He should b a ganster. Bad person.. (၂၇.၁.၂၀၁၂)နေ့တွင်တင်ခဲ့သော မနှင်းပွင့်ဖြူ(သင်္ဃန်းကျွန်း)၏ ရေးသားချက်သည် တစ်ဖက်သက် စွပ်စွဲခြင်းများသာဖြစ်ပါသည်။ ကလေးမှာယခင်ကပင် ကျောင်းခြံစည်းရိုး ကျော်တတ်ပြီး မုန့်များခိုးစားနေသည်ကို ပတ်ဝန်းကျင်မှ သိရှိပါသည်။ ဆရာ့စေတနာဖြင့် အုပ်ချုပ်ရေးမှူးရုံး မအပ်ပဲ နောက်နောင်မပြုလုပ်မိစေရန် မိဘများထံအပ်နှံရန် မေးမြန်းရာတွင် နေရပ်လိပ်စာအမှန်မပြောသဖြင့် အချိန်ကြာမြင့်သွားခြင်းဖြစ်သည်။ ကလေးကျောင်းမှ လမ်းလျှောက်ပြန်ထွက်ခြင်းကို ပတ်ဝန်းကျင်မှအားလုံးအသိပင်ဖြစ်ပါသည်။ အိမ်ပြန်ရောက်မှ မေ့လဲပြီးဆေးရုံတင်ခြင်း၊ ဆရာကြီးမှရိုက်နှက်သည်ဟု ပြောဆိုခြင်းများမှာ မိသားစုကြောင့်လိမ်လ်ာထွက်ဆိုပြော ခြင်းဖြစ်သည်။ ဆရာကြီးမှ လူမှုရေးအရသွားရောက်တွေ့ဆုံသော်လည်း မိသားစုများမှ ဆရာ့ဂုဏ်သိက္ခာထိပါးစေသည့်အထိ ရင့်သီးရင်းပြစွာပြောဆိုခဲ့ပါသည်။ အမှုဆင်ပြီး အမှုဖွင့်ခဲ့ပြီး ထောင်ကျအောင်ချမည်ဟုကြွေးကြော် နေကြပါသည်။ကလေးမှာလည်းလိမ်လည်ထွက်ဆိုသဖြင့် ဆရာဒုက္ခရောက်တော့မည်ကို မိဘတစ်ဦးအနေဖြင့် သနားမိပါသည်။ ဆရာသည်ကျောင်းသားတိုင်းအား စေတနာဖြင့်သာဆုံးမကြပါသည်။ မင်းတုန်းမင်းနှင့်ငါးခြောက်ပြား ဥပမာကိုသိသင့်ကြပါသည်။. နောက်ဆုံးအနေဖြင့်မြန်မာပြည်တလွှားတွင် ဆရာများ၏ဂုဏ်သိက္ခာကို ထုတ်ဖော်ပြီး အာစရိယဆရာများအား ပူဇော်နေသည်ကို ထိခိုက်ညစ်နွမ်းစေရန် အမှုဆင်ခြင်းသည် လွန်စွာမှဆိုသွမ်းသော လုပ်ရပ်ဖြစ်ပါသည်။. ချင့်ချိန်ပြီးမှ ယုံကြည်ကြပါဟု မေတ္တာရပ်ခံပါရစေ။. (ဖြစ်ရပ်မှန် သိသောမိဘတစ်ဦး) ဒီကိစ္စတခုတည်းတော့မဟုတ်ပါဘူး။မြန်မာပြည်မှာ ခလေးကိုရိုက်တဲ့ကိစ္စက လုံးဝ မရှိတော့တဲ့ကိစ္စတခုပါ။ကြောက်အောင် လုပ်ထားရမယ်ဆိုတဲ့အယူအဆဟာ ရာစုပေါင်းများစွာ နောက်ကျနေပေမယ့် မြန်မာပြည်မှာတော့ အိုးထိမ်းသည်က အိုးကို လှအောင်ရိုက်တာဆိုတဲ့အယူအဆနင့် ခလေးတွေကို ရိုက်နေကြတုန်းပါပဲ။စိတ်ပျက်ဖွယ်ဖြစ်ပါတယ်။ ကွန်တော်တခုတော့ပြောချင်ပါတယ် ဆရာတယောက်က ၁၂ အရွယ်ကလေးတယောက်ကိုထိုးပါ့မလားခင်ဗျာ။ တကယ်လို့ထိုးတယ်ဆိုလဲ မျက်နှာမှာယောင်နေမှာပါ ရိုက်တယ်ဆိုလဲအရာထင်မှာပါ။ အဲလိုတကယ်ဟုတ်ရင်သက်သေပြမှာပါ။ သေချာမတွေ့ရပဲနဲ့တော့ မဝေဖန်သင့်ပါဘူးခင်ဗျာ။ ပြီးတော့ ကျွန်တော် ၁၈.၁.၂၀၁၂(ဗုဒ္ဓဟူးနေ့)က ကုလားဘုရားနားက လက္ဘက်ရည်ဆိုင်မှာထိုင်နေတုံး ဆရာကြီးကို စက်ဘီးနဲ့တွေ့ပါတယ် ခဏလဲနေရော လူလေးယောက်ရောက်လာပြီး ဆရာကြီးကိုပြင်းပြင်းထန်ထန်မိုက်မိုက်ရိုင်းရိုင်းပြောဆိုနေပါတယ်။ ကျွန်တော်မေးကြည့်တော့ ကောင်လေးရဲ့ဦးလေးတွေပါတဲ့။ တကယ်ဆိုရင် ဒီလိုလူမြင်ကွင်းမျိုးမှာဒီလိုလုပ်တယ်ဆိုတာတကယ်ပဲ အမြင်ဆိုးပါတယ်ခင်ဗျာ။ ဆရာတယောက်ကို ဒီလိုလုပ်တယ်ဆိုတာကတော့ဘယ်ကောင်းပါ့မလဲခင်ဗျာ။. ကျွန်တော်ကဆရာကြီးမှားတယ်မှန်တယ်မပြောပါဘူး။ သေချာဆုံးဖြတ်စေချင်တာပါ ။ နှမ်ခိုးစားတဲ့မင်းသားကိုဆုံးမတဲ့ ပုံပြင်လေးကိုလဲကြားဖူးသိဖူးမှာပါ။ ကျွန်တော်တခုလောက်မေးချင်ပါတယ် စာဖတ်သူတို့ရောဆရာတယောက်ဆိုရင် ကျောင်းသားလေးတယောက်ကို ထိုးပါ့မလား? စဉ်းစားစေချင်ပါတယ်ခင်ဗျာ။ သိသမျှ မြင်သမျှတိုင်းဟာ အမြင်မဟုတ်တာတွေလဲရှိမှာပါ။ စာကိုဖတ်တဲ့လူတိုင်းကို. ကျေးဇူးတင်ပါတယ်. ဝေဖန်ပေးပါခင်ဗျာ. ထိုးတဲ့ဆရာတွေရှိပါတယ်ကို မောင်ဝင်း။ကျနော်ကိုယ်တွေ့ပါ။ဒါတွေဟာ ခလေးတွေကို ရိုက်တဲ့အလေ့အထက ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းက လက်ခံထားတဲ့အတွက်ဖြစ်ပါတယ်။တိုးတက်တဲ့ဘယ်တိုင်းပြည်မှာ မဆို ခလေးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခွင့်မရှိပါဘူး။ဆရာကတင်မက ပါဘူး။မိဘကလဲသားသမီးကိုကိုယ်ထိလက်ရောက်ရိုက်ပုတ်ဆုံးမ ပိုင်ခွင့်မရှိပါဘူး။အခြား အသိညာဉ်ပညာကို သုံးပြီး ခလေးက သူလုပ်တာ မှားတယ်ဆိုတာ သူကိုယ်တိုင်နားလည်နိုင်လောက်တဲ့ထိ ဆရာ မိဘ ပတ်ဝန်းကျင်က ၀ိုင်းဝန်းလုပ်ပေးရပါတယ်။ပြောစရာတွေတော့အများကြီးပါ။နောင်ကြုံတဲ့အခါဆွေးနွေးကြတာပေါ့။ကိုအောင်မြင်စိုး။နော်ဝေး သေချာစဉ်းစားပြီးမှ လုပ်စေချင်ပါတယ် ပညာရေးဆိုတာထက်ဆရာတွေရဲ့ဂုဏ်သိကာလည်းပါပါတယ်။ ကျေးဇူးပြုပြီးအစအဆုံးဖော်ပြစေလိုပါတယ် | JSocial Comments by PloPixel