န၀မတန်း ကျောင်းသူလေးတွေနဲ့ အင်တာနက် ချက်တင်ကနေတဆင့် ချိန်းတွေ့တဲ့ ကိုကိုလူပျိုကြီး

ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေ အင်တာနက် မှာတွေ့တဲ့ သူတစ်ယောက်ဆီကို မိဘတွေ မသိအောင် တိတ်တိတ်လေး သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။ သူတို့လေးတွေ ကံကြီးပေလို့သာပေါ့။

ဖြစ်ပုံကတော့ ကျောက်မဲမြို့ အထက (--- ) မှ န၀မတန်းကျောင်းသူလေး သုံးယောက်ဟာ  အင်တာနက်ဆိုင်တွေမှာ chatting ထိုင်ရင်း ရန်ကုန်မှာနေတဲ့ ကို ------- ( Ph No. ------)   နဲ့ ခင်မင်မိကြပါသတဲ့။ ဖုန်းအဆက်အသွယ်လည်း ရှိတယ်လို့ဆိုပါတယ်။ online chatting တို့သဘာဝအတိုင်း အပြင် မှာ တွေ့ကြရအောင် ဘာညာပေါ့လေ။ နောက် chatting ခဏခဏ လုပ်ကြရင်း ကျောင်းသူလေးတွေက ရန်ကုန်လိုက်သွားဖို့ စိတ်ဝင်စား လာကြပါတယ်။

ကျောက်မဲက ရန်ကုန်ကို သွားချင်ရင် လွယ်လွယ်လေးရယ်လေ၊  ကျောက်မဲကို နေ့လည် ၂ နာရီခွဲလောက်မှာ ဆိုက်တဲ့ လားရှိုး-ရန်ကုန် Bus ကားတွေနဲ့ လိုက်သွားရင် နောက်နေ့မနက် ၄ နာရီဆို ရန်ကုန်ရောက်ပြီပေါ့။ ကားခက တစ်သောင်းခွဲလောက် ပေးရတယ်လေ။ အဲဒါကို မချောတို့ အချင်းချင်း တိုင်ပင် ကြပြီး မိဘဆင်ထားတဲ့ ရွှေဆွဲကြိုးကို ရောင်းပြီး 15.1.2012  (တနင်္ဂနွေနေ့) က ရန်ကုန်ကို လိုက်သွားခဲ့ ကြပါတယ်။ လိပ်စာလည်း မသိပဲလိုက် သွားခဲ့ ကြတာနော်။ ရန်ကုန်ရောက်တော့ ကားဂိတ်ကနေပြီး- ကို ……….. ဆီကို  ဖုန်းဆက်ခေါ်ပြီး လဘက်ရည်ဆိုင်ကနေ စောင့်နေခဲ့ကြပါတယ်တဲ့။ အဲဒီကို ……... ဆိုတာက လူပျိုကြီး (over 30) တဲ့။ နောက်အဲဒီလူ- ကို ……… လည်းရောက်လာရော သူထင်ထားတာက အရွယ်ရောက်ပြီး မိန်းကလေး အခု တွေ့လိုက် ရတာက ၁၅ နှစ် ၀န်းကျင် ၉ တန်း ကျောင်းသူလေးတွေဆိုတော့ တွေ့တွေ့ပြီးချင်း သူပြောတဲ့စကားက " ကလေးတွေပဲ " တဲ့လေ။ အဲဒါနဲ့ ကို ……… လည်း ကောင်မလေးတွေကို အိမ်ကို ခေါ်သွားရတော့တာပေါ့လေ။

ကျောက်မဲမှာကလည်း မိဘတွေက ညရောက်လို့ ပြန်မလာတဲ့ သမီးတွေကို စိတ်ပူပြီး လိုက်ရှာကြတဲ့အခါ ရန်ကုန်ကားနဲ့ လိုက်သွားတဲ့ အကြောင်းသိရ ပါတယ်။ နောက်သူတို့ သုံးယောက်နဲ့ ရန်ကုန်လိုက်မယ် လုပ်ပြီးမှ မလိုက်ဖြစ်တဲ့ ကောင်မလေးဆီ သတင်းစုံစမ်းတဲ့အခါ ကောင်မလေးက ပထမပိုင်းမှာ သူမသိဘူး ပြောတာတဲ့။ အဲဒါဆိုရင် နင်အဖမ်းခံရမယ် ဘာညာပြောမှ ကို ………… ရဲ့ ဖုန်းနံပတ်ကိုရတာ။ အဲဒါ ကျောက်မဲ ရဲစခန်းကတဆင့် ရန်ကုန်  ရဲစခန်းကို လှမ်းကြောင်းကြားလို့ ရန်ကုန်ကရဲတွေ ကို………. ရဲ့ အိမ်ကို  ရောက်သွားတဲ့အခါ ကျောင်းသူလေး သုံးယောက်ကို အဲဒီအိမ်က ကလေးတွေနဲ့ ကစားနေတာတွေ့ ရတယ်တဲ့။ (ကလေးစိတ်မပျောက်၊ လူကြီးစိတ်မရောက်နဲ့ ဒါကြောင့် မနူးမနပ်အရွယ်လို့ ခေါ်တာထင်ပါရဲ့) ရန်ကုန် ရဲစခန်းရဲ့အကြောင်း ကြားချက်အရ  ကျောက်မဲက မိဘများက ရန်ကုန်ကို လိုက်သွားပြီး ပြန်ခေါ်လာခဲ့ကြတယ်တဲ့။

ဒီကျောင်းသူလေး သုံးယောက်ဟာ လူကောင်းတစ်ယောက်ဆီ ရောက်သွားလို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက်ထားတာကို ခံခဲ့ရတာနော်။ မသူတော် စားဖားတွေနဲ့များ တွေ့သွားရင် ဘ၀ပျက် ရောင်းစားခံရမှာ။

ကဲ chatting မင်းသား/မင်းသမီး ကိုကိုQ ၊ မမQ တို့ရေ  Q တာလဲ Q ပါ၊  ဒါပေမယ့်။ တဘက်က သူဟာ ဘယ်အရွယ်လဲ၊ ဘယ်လိုလူများလဲ ဆိုတာ သေချာမသိရပဲနဲ့ တွေ့ဖို့ မကြိုးစားစေချင်ပါဘူး။ မိန်းကလေးတွေဆို ဘ၀ပျက်သွားနိုင်ပြီး၊ ယောက်ျားလေးတွေဆို  အရွယ်မရောက်သေးသူကို သွေးဆောင် ဖျားယောင်းမှုနဲ့ တရားစွဲခံရမှာက သေချာတယ်လေ။

Powered by Bullraider.com
Robots also like to read your comments! ...yes, they have feelings too! ;)reminded me of Wunna Bama :-D အေ့းအဲဒါငါမဟုတ်ဘူး ဘာဂျာမိုးရေ ငါ့အထင်ပြောရရင်ဟို မေတ္တာဂွေးတက့်အဲ့အေးပက်နဲ့ဇေယျာဂျိုင်ကိုး တို့ဖြစ်မယ့်ချီးတာကတန်အောင်အိမ်ခေါ်ပီးခလေးထိန်းခိုင်းတာ့တရက်ရလဲတရက်ပေါ့ :-D @[1851258180:2048:Myitta Apex] and @[1008357562:2048:Zeyar Paing Soe] ... ? ငါဆီလာရင်ဝါးစားလိုက်မယ်..... သွားလည်ကြတယ်ပေါ့ သူတို့ကတော့.. heeeeeeeeeeeeeeeeeeeeee သမီးကတော့ သဘောကျတယ် သမီးလည်း အဲ့လိုကောင်လေးတွေအွန်လိုင်းပေါ်မှာချိန်းရင် လိုက်သွားမှာပဲ သိလား လင်လိုချင်ပြီလေ အဟိ. ကံကောင်းလို့တော့ ဟိဟိကြောက်စာကြိး. | JSocial Comments by PloPixel