စီးပွာရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ် ရဲ့ မြန်မာ့စီးပွားရေးအပေါ် အမြင်အချို့

ကိုလံဘီယာတက္ကသိုလ်က စီးပွားရေး နိုဘယ်လ်ဆုရှင် ဂျိုးဇက်စတစ်ဂလစ်က  ဟာ ဒီလ ၉ ရက်နေ့မှာ  မြန်မာပြည်ကို ဒုတိယအခေါက်အနေနဲ့ ရောက်လာမှာဖြစ်ပါတယ်၊ 

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းကလည်း မြန်မာပြည်ကို တခေါက်ရောက်ခဲ့ဖူးပြီး၊ အခုတခေါက်မှာတော့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) မှာ  စီးပွားရေး အကြောင်းဟောပြောဖို့ ရှိပါတယ်။ သူရဲ့ မြန်မာ့စီးပွားရေးအပေါ် သုံးသပ်ချက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

“လူဦးရေရဲ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကဏ္ဍအပေါ်မှာ မှီခိုနေတာဖြစ်လို့ ဆင်းရဲမှုကို လျှော့ချချင်တယ်၊ ထောင်စုနှစ်ဖွံ့ဖြိုးရေးစီမံကိန်းကို အောင်မြင်စေချင်တယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍကို အသေအချာ အာရုံစိုက်ဖို့က အရေးအကြီးဆုံးပါပဲ“

“... ရေသွင်း မြောင်းတွေကြောင့် စိုက်ပျိုးရေး ထုတ်ကုန်တွေ တိုးတက်လာဖို့ အလားအလာကောင်း တွေရှိပါတယ်၊ ဒါပေမယ့် အမတော်ကြေးတွေ မလုံလောက်လို့ လယ်သမားတွေ မြေသြဇာ မ၀ယ်နိုင် ကြရှာပါဘူး။ အရည်အသွေးမြင့် မျိုးစေ့တွေလည်း မ၀ယ်နိုင်ကြပါဘူး။ ဒါကြောင့် ထွက်နှုန်းတွေက မြင့်နိုင်ပါရက်နဲ့ ထွက်သင့်သလောက် မထွက်ဘဲ ဖြစ်ရတယ် ..."

“ ပထမပြောစရာရှိတာက အကြွေးကိစ္စပဲ၊ ကျေးလက်တောရွာတွေမှာ အကြွေးအတွက် ၀န်ထုပ်ဝန်ပိုးတွေက များလွန်တယ်၊ လယ်သမားတော်တော်များများဟာ ချေးထားတဲ့ အကြွေးအတွက် လစဉ် အတိုး ၁၀ ရာခိုင်နှုန်းပေးနေတယ်။ … အတော်မြင့်တဲ့ အတိုးနှုန်းဖြစ်နေတယ်၊ .. ဒီကိစ္စအလွန် အရေးကြီးပါတယ်၊

" ... စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာ ခွဲခြားထားလို့ မရပါဘူး။ မြန်မာပြည်ဆိုပြီး ကမ္ဘာပေါ်မှာ တနေရာရလာနိုင်ဖို့၊ နိုင်ငံမှာ စစ်မှန်တဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးရဖို့ .. ဆိုရင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံး ပါဝင်နိုင်တဲ့ ဖြစ်စဉ်တရပ်လိုအပ်ပါတယ်၊ ရှေ့ခရီးအတွက် ဒီနည်းက လွဲလို့ တခြားနည်းလမ်း မရှိနိုင်ပါဘူး "

"... ရေနံနဲ့ ဓာတ်ငွေ့က ရတဲ့ ငွေပမာဏကို ကောင်းကောင်းမွန်မွန်သုံးတတ်စွဲတတ်ရင် ခေတ်သစ် တခုကို ရောက်နိုင်ပါတယ်၊ အဲသလိုမှ မဟုတ်ရင်တော့ တန်ဖိုးရှိတဲ့ အခွင့်အလမ်းတွေဟာ အဟောသိကံပဲ ဖြစ်သွားလိမ့်မယ်…"

" ... လူသားအရင်းအမြစ်ဆိုတာ အားသစ်မလောင်းနိုင်ရင် ကြာလေ အရည်အသွေးကျလေပေါ့။ စီးပွားရေးအရ တည်ငြိမ်ဖို့ဆိုတာ အမြဲတမ်း လှုပ်ရှားနေရတယ်။ ကမ္ဘာကြီးက ပြောင်းလဲမှုနဲအတူ လိုက်ပြီး ပြောင်းနိုင်မှ တော်ကာကျမယ် ... တို်င်းပြည်က လိုအပ်နေတဲ့ လူသားအရင်းအမြစ် အားသစ်လောင်းနိုင်ဖို့အတွက် ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာ လုံလောက်တဲ့ အဆင့်မရှိပါဘူး  "

" ... သဘာဝသံယံဇာတတွေ ကြွယ်ဝတယ်ဆိုတဲ့ နိုင်ငံအများစုဟာ သဘာဝသံယံဇာတမရှိတဲ့ နိုင်ငံတွေ ထက်တောင် ပိုလို ဆင်းရဲတွင်းနက်ကြတာ ကံကြမ္မာရဲ့ သရော်ချက်ပဲ။ --- ဖွံ့ဖြိုးရေး၊ သဘာဝ သံယံဇာတနဲ့ စိုက်ပျိုးဖွံ့ဖြိုးရေးကဏ္ဍတို့ကို စီမံခန့်ခွဲတဲ့နေရာမှာ အလွဲကြီး လွဲခဲ့ကြ လို့ပဲ ..."

"...သဘာဝသံယံဇာတကြွယ်ဝတဲ့ နိုင်ငံတွေမှာ ငွေလွှဲနှုန်းကြောင့် ဒုက္ခရောက် ကြတာ မျိုးလည်း ရှိတတ်တယ်။ သဘာဝသံယံဇာတတွေကို ထုတ်ရောင်းရင်းနဲ့ ငွေဈေးက မြင့်လာမယ်၊ ဒါပေမယ့် အလုပ်အကိုင်ကျတော့ မရှိဘူး။ … ဒါကြောင့် သဘာဝ သံယံဇာတတွေကို မက်ခရိုစီးပွားရေးအမြင်နဲ့ စီမံခန့်ခွဲဖို့က အလွန် အရေးကြီးပါတယ်... "

“… ဂလိုဘယ်လိုက်ဇေးရှင်းက မြန်မာလူထုကို မျက်စိဖွင့်ပေးလိုက်ပါပြီ၊ ဒီလို မျက်စိပွင့်သွားရင် နောက်တခေါက် ပြန်ပိတ်လို့ မရတော့ပါဘူး..“

Ref: Transcript of Press Conference by Professor Joseph Stiglitz (21 December 2009, Singapore)

ညီစောလွင်
ဖေဖော်ဝါရီ ၆၊ ၂၀၁၂

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238