တိုင်ရီဆန္ဒပြ တောင်းဆိုမှုအပေါ် ဆွီဒင် ကျောင်းသား/လူငယ်သမဂ္ဂများ ထောက်ခံစာပေးပို့
- Details
- Category: မြန်မာ့ပညာရေးသတင်း
- Published on Tuesday, 21 February 2012 07:34
- Written by Swedish Youths
- Hits: 1516

သို့
မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်
စတော့ဟုမ်း၊ ဆွီဒင်၊ ဖေဖော်ဝါရီလ ၁၄ ရက်
သင်တို့၏ ဆန္ဒပြနေမှုအား ထောက်ခံအပ်ပါသည်။
လေးစားအပ်သော ညီအကိုမောင်နှမများ ခင်ဗျား-
ကျွန်တော်တို့ အဖွဲ့အစည်းများနှင့် တကြိမ်တခါမျှ မတွေ့ဆုံဘူးသော်လည်း လက်ရှိ ဆန္ဒပြတောင်းဆိုနေမှုများအား ကျွန်ုပ်တို့၏ အရေး ကိစ္စများနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခွင့်ရရေးတို့အတွက် တိုက်ပွဲဝင်နေကြသော ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် ဆွီဒင်နိုင်ငံမှ လုပ်သားထုများနှင့် သင်တို့ အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေမှုသည် တသဘောတည်းပင် ဖြစ်သည်။ ကျွန်တော်တို့အားလုံး ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် လွတ်လပ်ခွင့်အတွက် လိုလားတောင့်တသည်။ လုပ်သားထုအားလုံး ပူးပေါင်းလက်တွဲ လုပ်ဆောင်မှသာ တကယ့်အပြောင်းအလဲကို ဦးတည်နိုင်မယ်ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံများမှ သင်ခန်းစာ ရရှိခဲ့သည်။ သင်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ ရဲရင့်တဲ့ တောင်းဆိုဆန္ဒဖော်ထုတ်မှုတွေဟာ ကျွန်ုပ်တို့အားလုံးအတွက် အလွန်ပင် အရေးကြီး လှသည်။
မမျှတတဲ့ လစာနှုန်းထားနှင့် မလျော်ကန်တဲ့ လုပ်ငန်းခွင် အခြေအနေတွေအတွက် သင်တို့ရဲ့ တုံ့ပြန် တောင်းဆိုနေမှုအပေါ် အရေးကြီးသော ကိစ္စရပ်ဖြစ်ကြောင်း အလေးဂရုပြုအပ်ပါသည်။ မညှာမတာ ခေါင်းပုံဖြတ်ခံ လုပ်သားထုအတွက် တိုက်ပွဲဝင်ကြရာမှာ နယ်မြေအပိုင်းအခြား မရှိ အားလုံး ပူးပေါင်းဆောင်ရွက်ရပါမည်။
ပြည်သူတို့၏ လွတ်မြောက်ရေး ဆန္ဒသဘောထားကို ဘယ်သောအခါမှ ချေဖျက်နိုင်မည် မဟုတ်။
သင်တို့နှင့်အတူ-
မဂ္ဂနပ်စ် နီလ်ဆွန်
ဥက္ကဌ - ဆွီဒင် ဆိုရှယ်ဒီမိုရက်တစ်ကျောင်းသားများသမဂ္ဂ
အီလင်နာ အဲရစ်ဆွန်
အထွေထွေအတွင်းရေးမှူး - ဆွီဒင် ဆိုရှယ်ဒီမိုကရက်တစ်လူငယ်သမဂ္ဂ
မူရင်းအင်္ဂလိပ်ဘာသာ

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








