ရန်ကုန်တက္ကသိုလ်ဘွဲ့လွန်ကျောင်းသား ၁၀ ဦး ကိုရီးယားမှ ပညာသင်ဆုပထမဆုံးအကြိမ်ပေးအပ်

http://globalblog.posco.com/wp-content/uploads/2014/07/12.jpg

ကိုရီးယားသမ္မတနိုင်ငံ POSCO TJ Park Foundation မှ ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား ပညာသင်နှစ်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ စီပညာသင်ဆု ပေးအပ် ခြင်းအတွက် POSCO TJ Park Foundation နှင့် ရန်ကုန်တက္ကသိုလ်တို့ နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုးပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပြုလုပ်ခဲ့သည်။

အပြန်အလှန်

နားလည်မှုစာချွန်လွှာကို ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်နိုင်နှင့် ကိုရီးယား သမ္မတနိုင်ငံ POSCO TJ Park Foundation မှ ဒုတိယဥက္ကဋ္ဌ Mr.Jae-Woon Yang တို့က အပြန်အ လှန် လက်မှတ်ရေးထိုးခဲ့ကြသည်။

ရည်ရွယ်

‘ဒီနေ့ အခမ်းအနားကတော့ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ ဘွဲ့လွန်ကျောင်းသား ၁၀ ဦးကို ပညာသင်ဆု ပေးအပ်တဲ့ MoU ရေးထိုးပွဲပါ။ ပညာသင်ဆုအပြင် ကိုရီးယားတက္ကသိုလ်တွေကိုသွားပြီး လေ့လာမယ့် အစီအစဉ်တွေကိုလည်း MoU ထဲမှာထည့်ထားတယ်။ ပြီးတော့နောက်နှစ်တွေမှာလည်း နှစ်စဉ်ပေးဖို့ POSCO TJ Park Foundation က ရည်ရွယ်ထားတယ်’ ဟု ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်နိုင်က ပြောကြားခဲ့သည်။

ရွေးချယ်

အဆိုပါပညာသင်ဆုအတွက် လျှောက်ထားရန် ဇူလိုင်လဆန်းပိုင်းက စတင်ကြေညာခဲ့ပြီး လျှောက် ထားသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ ၁၀ ဦးကို ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများက တွေ့ဆုံရွေးချယ်ကာ ပညာသင်ဆုအဖြစ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

‘အရင်အပတ်က ပညာသင်ဆုခေါ်တယ်။ ကျွန်တော်တို့အမှတ်စာရင်းတွေနဲ့ လျှောက်တယ်။ အင်တာ ဗျူးစစ်တယ်။ အင်တာဗျူးမှာ မေးတာတော့ပညာသင်ဆုရရင် ဘယ်လိုအသုံးချမယ်ဆိုတာတွေကို မေး တယ်။ တစ်ပတ်လောက်အကြာမှာ ပညာသင်ဆုပေးတာပါ။ ပညာသင်နှစ်က တစ်နှစ်စာဒေါ်လာ ၅၀၀ ကို ဒီပွဲမှာတစ်ခါတည်းပေးလိုက်ပါတယ်’ ဟု ပညာသင်ဆုရရှိသူ အင်္ဂလိပ်စာမဟာတန်း ဒုတိယနှစ် ကျောင်းသား ကိုစောစိုင်းမွန်က ပြောဆိုခဲ့သည်။

ခေါ်ယူခဲ့

ယင်းပညာသင်ဆုအတွက် ရန်ကုန်တက္ကသိုလ်ရှိ မနုဿဗေဒဌာန၊ ဒဿနိကဗေဒဌာန၊ အင်္ဂလိပ်စာ ဌာနသုံးခုမှ ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။

စံတော်ချိန်သတင်းစာ

ဇူလိုင်လ (၂၃) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com